ချီဖွေမြို့ စခန်း (၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်

ချီဖွေ စက်တင်ဘာလ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဘေးအမျိုးမျိုး ကြုံတွေ့နေရ သူများအား လတ်တလော သက်သာချောင်ချိရေး ဆောင်ရွက်ပေးခြင်းနှင့် (IDPs) စခန်းများတွင် နေထိုင်သူများအား စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်များ ထောက်ပံ့ငွေများကို စက်တင်ဘာ(၁၆)ရက်နေ့ နံနက် (၉)နာရီခွဲတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းလင်းထွန်းနှင့် မြို့နယ်လဝကဦးစီးအရာရှိ ဦးလဂေါင်တို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ချီဖွေမြို့နယ်အတွင်းရှိ (IDPs) စခန်း(၂)ခုရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၇၀) စုအတွက် စားသောက်ကုန်(၅)မျိုးဝယ်ယူရန် (၁)အိမ်ထောင်လျှင် (၄၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၄,၈၀၀,၀၀၀/-) အား တိုက်ပွဲရှောင် နေရပ်စွန့်ခွာ တိမ်းရှောင်ပြည်သူများ (IDPs) စခန်းတာဝန်ခံ (၂)ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေက (IDPs) စခန်းတာဝန်ခံ တို့အား စခန်းအဝင်/အထွက်နေရာများတွင် လက်ဆေး ဆပ်ပြာ၊ လက်ဆေးရန်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် လူဝင်/လူထွက် စစ်ဆေးချက် မှတ်တမ်းထားရှိရန် မှာကြားခဲ့သည်။

ယင်းနောက် ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါတ်တာလင်းလင်းထွန်းက ယခုလတ်တ လောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်၊ နည်းလမ်းများနှင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်း စည်း(Mask) တပ်ဆင်ရန်၊ လက်မကြာခဏဆေးကြောရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)