ဒဂုံမြောက်ပိုင်း (၃၆) ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများကို အိမ်ထောင်စု (၂၂၀)အား လှူဒါန်း

ဒဂုံ‌မြောက် အောက်တိုဘာ ၂၈

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေ ပြည်သူများအား  ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရှိ (၃၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ယနေ့ နံနက်(၈)နာရီတွင် တတိယအကြိမ် ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရောင်းချပေးမှုတွင် တန်ဆောင်မုန်းလပြည့်နေ့ အကြိုအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အထောက်အကူပြုအဖွဲ့ဝင်များမှ မိမိတို့တတ်စွမ်းသ၍ အလှူဒါနအဖြစ် စားသောက်ကုန်များ လာရောက်ဝယ်ယူသူပြည်သူများအား အိမ်ထောင်စုတစ်စုလျှင်   ဆီငါးဆယ်သား၊ ကြက်ဥ(၅)လုံးဖြင့် အိမ်ထောင်စု (၂၂၀) အားလှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။

မြင့်မြင့်ရီ