ကရသူရိ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို စာကြည့်တိုက်သို့ လာရောက်သည့် ကျောင်းသားကလေးငယ်များနှင့် စာဖတ်ဝါသနာရှင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ အတွေးအခေါ်များနှင့် ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်နိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီစိတ်ရှိစေရေး၊ အသိပညာ ဗဟုသုတများ ရရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)