ကော့မှူး အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေကြသော သုံးဘီးဆိုင်ကယ်များ၊ ဆိုက်ကားများပေါ်တွင် စီးနင်းသူများယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးမှုများကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်(၅၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ သိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးပြောကြားခြင်း၊ အနှေးယာဉ်ဆိုက်ကားများအား ရောင်ပြန်စတေကာများဖြန့်ဝေပေးခြင်း၊ ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်စသည့် ယာဉ်စည်းကမ်းနှင့် ပတ်သက်သောအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)