ငါ့သရောက်မြို့ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးဗီဇကွဲ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်ဆောင်းကာကွယ်ရေးများ ထိုးနှံကြရေး အသိပညာပေး နှိုးဆော်ခြင်းကို အပတ်စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ နှောတွင်းရပ်ကွက်နှင့် ပျဉ်ပင်ရက်ကွက်များသို့ သွားရောက်ကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးဗီဇကွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍ ယခု လက်ရှိ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေမှု အခြေအနေများကိုလည်းကောင်း၊ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သော အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောကြရန်၊ လူစုလူဝေး သွားလာခြင်းရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး သတိပေးခြင်း၊ အသိပေးခြင်းများ ဆောင်ရွက်ရန်တို့ကို နှိုးဆော်အသိပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံကြရန်၊ အကြိမ်ပြည့် ထိုးနှံပြီးသူများအနေဖြင့်လည်း (၆)လ ကျော်လွန်ပါက ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်တို့ကို လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
P.W.A.(ရုပ်/သံ-၃အင်အားပြ)