မြစ်သားမြို့နယ် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေး(အခမဲ့) ကုသစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

မြစ်သား အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြစ်သားဘိုးဘွားရိပ်သာမှ အဘိုးနှင့်အဘွားများအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး(အခမဲ့) ကုသပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြစ်သား ဘိုးဘွားရိပ်သာရှိ ကုသဆောင်၌ ဆေးကုသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဝန်ထမ်းများက ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သွေးပေါင်ချိန် တိုင်းတာပေးခြင်း ဆီးချို၊ သွေးတိုးရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရောဂါအလိုက် လိုအပ်သည့် ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့် အခြားနောက်ဆက်တွဲ ရောဂါဆိုးများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်သားဘိုးဘွားရိပ်သာမှ အဘိုး(၄)ဦး၊ အဘွား(၂၁)ဦး စုစုပေါင်း အဘိုးအဘွား(၂၅)ဦးတို့  ကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး(အခမဲ့) ကုသစစ်ဆေးပေးခြင်းများ ကွင်းဆင်း ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရသည်။

သီတာအောင်(မြစ်သား)