တနိုင်း စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့က တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀,၀၀ဝိ) နှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀,၀၀ဝိ)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၅) နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ KBC/RC/AG/COC ဘုရားကျောင်းများတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စားသောက်ကုန်(၅) မျိုးဝယ်ယူရန်အတွက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀,၀၀ဝိ) နှုန်းဖြင့် တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ပြန်လည် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် တနိုင်းမြို့နယ် ကင်ဆားရာရပ်ကွက်၊ KBC ဘုရားကျောင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၉၈)စုအတွက် ထောက်ပံ့ငွေကျပ် (၃,၉၂၀,၀၀ဝိ) သိန်းနှင့် RC ဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၅၆) စုအတွက် ထောက်ပံ့ငွေကျပ်(၆,၂၄၀,၀၀ဝိ) သိန်းအား လည်းကောင်း၊ ဆွတ်ငိုင်ရပ်ကွက်၊ COC ဘုရားကျောင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၅) စုအတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀ဝိ) သိန်းအားလည်းကောင်း၊ မုန်ဒိန်ရပ်ကွက်နှင့် AG ဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄၅) စုအတွက် ထောက်ပံ့ငွေကျပ် (၁,၈၀၀,၀၀ဝိ) သိန်း စုစုပေါင်းအိမ်ထောင်စု (၃၃၄) စုအတွက် ထောက်ပံ့ငွေကျပ် (၁၃,၃၆၀,၀၀ဝိ) သိန်းအား သက်ဆိုင်ရာများမှ အခမ်းအနားပြုလုပ်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)