လိပ်သို အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထ ကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၄) ရပ်ကွက်ရှိတိုက်နယ်ကျန်းမာရေးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် Mobile စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်များ အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်၍သွားရောက်ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား တစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)