မန္တလေးမြို့ ၆ မြို့နယ်ရှိ Quarantine Center များမှထွက်သည့် စွန့်ပစ်အမှိုက်များကို သီးသန့်ယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းကာ မီးရှို့

မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးမြို့ ၆ မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Quarantine Centerများမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ Bioha-zard သီးသန့်ယာဉ်ဖြင့် နေ့စဉ် နံနက် ၆နာရီခွဲမှစတင်ကာ လှည့်လည်၍ စနစ်တကျသိမ်းဆည်းပြီး တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက် လျက်ရှိသည်။
"Bioharze သိမ်းတဲ့အမှိုက်သိမ်းယာဉ်တွေက အအေးခန်းသီးသန့်ယာဉ်နှစ်စီးရှိတယ်၊ ၆မြို့နယ် ရှိဆေးရုံဆေးခန်း တွေကို သီးသန့်လိုက်သိမ်း ပေးရတာတစ်စီး၊ Quarantine Centerကထွက်တဲ့ စွန့်ပစ် အမှိုက်တွေကိုသိမ်းဖို့ တစ်စီးစီစဉ်ထားတယ်၊ Quarantine Center ကထွက်တဲ့ အမှိုက်တွေ သိမ်းတဲ့အခါ လောလောဆယ် ယာဉ်တစ်စီးတည်းနဲ့ လုံလောက်မှုရှိနေလို့၊ သိမ်းတဲ့အခါ အပြင်ပျံ့နှံ့မှုမရှိအောင် အလုံပိတ်ယာဉ်ကို သုံးထားတယ်၊ သိမ်းတဲ့ဝန်ထမ်းတွေကိုလည်း PPEဝတ်စုံ အပြည့်ဝတ်ဆင်စေပြီးမှသိမ်းပါတယ်၊ မနက်၆နာရီခွဲကနေစသိမ်းတယ်၊ သတ်မှတ် နေရာတွေကနေသိမ်းပြီးသွားရင် တောင်အင်း မြောက်အင်းရှိ အမှိုက်မီးရှို့စက်မှာ တစ်ခါတည်း မီးရှို့ဖျက်ဆီးပါတယ်၊ အမှိုက်ထွက်ရှိမှု ပမာဏက ၂တန်ခွဲ၃တန်ပဲရှိတယ်၊ Quarantine Center တွေများလာရင်ထပ်ပြီးပိုလာမှာပါ” ဟု Biohazard Waste သိမ်းဆည်းခြင်းကို ၆မြို့နယ် ကြီးကြပ်ဆောင်ရွက်နေသူ၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဦးဇေယျာငြိမ်းကပြောသည်။
အဆိုပါသိမ်းဆည်းယာဉ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန မှ ယာဉ်မောင်းတစ်ဦးနှင့် သိမ်းဆည်းဝန်ထမ်း နှစ်ဦးလိုက်ပါကြောင်း၊ PPE ဝတ်စုံနှင့် အကာအကွယ် ပစ္စည်းများ ဝတ်ဆင်၍ နေ့စဉ်လိုက်လံသိမ်းဆည်းလျက်ရှိပြီး မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
 "Quarantine Center တွေမှာ 240 Liter အမှိုက်ပုံးတွေချပေးထားတယ်၊ စွန့်ပစ်အမှိုက် တွေကိုသူတို့က ပိုးသတ်ဆေးဖြန်းပြီးမှအပြင် ထုတ်ပေးထားတယ်၊ အဲဒါတွေကိုကျွန်တော်တို့က ပိုးသတ် ဆေးထပ်ဖြန်းပြီးမှ ပုံးတွေကိုကားပေါ်တင်သိမ်းတယ်၊ ပုံးတွေကို ပိုးသတ်ဆေးပြန်ဖြန်း ကြွပ်ကြွပ်အိတ် ပြန်စွပ်ချထားပေးတယ်၊ မီးရှို့စက်ပိုင်းတာဝန်ယူထားတဲ့ ဝန်ထမ်းတွေကိုလည်း အကာအကွယ် ဝတ်စုံ တွေဝတ်ဆင်ပေးထားပါတယ်၊ တစ်နေ့တာ အားလုံးပြီးသွားရင် ကားကို ကားဖြန်းတဲ့ဆေးနဲ့ဖြန်းတယ်၊ လူဆိုရင်လူဖြန်းတဲ့ဆေးနဲ့တစ်ခါတည်းဖြန်းတယ်၊ နောက်ဆုံးအကြိမ် သိမ်းပြီးသွားလို့ သူတို့ဝတ်ထား တဲ့PPEဝတ်စုံတွေမီးရှို့စက်ထဲအကုန်ထည့်မီးရှို့လိုက်တယ်၊ အိမ်ပြန်ရောက်ရင်ခဏနားပြီး သူတို့ဝတ် ထားတဲ့အဝတ် အစားတွေ ပုံးထဲထည့်တစ်ခါတည်းလျှော်ပြီးတာနဲ့ ရေချိုးသန့်စင်ပြီးမှ မိသားစုနဲ့ထိတွေ့ ခွင့်ပေးရပါတယ်၊ သူတို့က ပင်ပန်းကြတဲ့သူတွေထဲ မှာလည်းပါပါတယ်”ဟု ဆက်လက်ပြောသည်။
လက်ရှိတွင် ကန်တော်နဒီဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင်၅၅၀ဆံ့ ကလေးဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ၊ မန္တလာတက္ကသိုလ်(ယခင်မန္တလာဒီဂရီကောလိပ်)၊ ပြည် သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)၊ ရွှေပြည်သာဟိုတယ်၊ Royal Mingalar Hotel၊ Ayar waddy River View Hotel၊ Hotel Hazel၊ Eastern Palace Hotel စသည်တို့မှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို အချိန်နှင့်တပြေးညီ စနစ်တကျလိုက်လံသိမ်းဆည်းပေးလျက်ရှိသည်။
ထိပ်ထားနိုင်