မြင်းခြံ အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း(၁)၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က အားကစားဆိုင်ရာအသိပညာပေး ဆွေးနွေးပြောကြားပြီး ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က လူငယ်နှင့်ခေါင်းဆောင် မှုအကြောင်း အသိပညာပေးဆွေနွေးဟောပြောပြီး ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ကြည့်ရှုကြကြောင်းနှင့် အဆိုပါဟော ပြောပွဲသို့ ကျောင်းသားကျောင်းသူ(၂၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်(ပြန်/ဆက်)