နွားထိုးကြီး အောက်တိုဘာ ၂၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းလျှပ်စစ်မီးသုံး စွဲသူပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းပြီး ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေးအတွက် လိုင်းဝန်ထမ်းများက မြို့နယ်အတွင်း ဓာတ်အားလိုင်းများတစ်လျှောက်ရှိ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နွားထိုးကြီး-မြို့သာ ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် နွားထိုးကြီးမြို့ ၃၃ ကေဗွီဓာတ်အားလိုင်း(၃၄)လိုင်း၊ နွားထိုးကြီး-မြင်းခြံ ဓာတ်အားလိုင်းရှိ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်