တံတားဦး အောက်တိုဘာ ၂၅
တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည် ။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တံတားဦးခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးဦးတင်ကိုလင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကိုပြောကြားပြီး တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက သင်တန်း သား/သူများအနေဖြင့် ဦးစီးဌာန၏ လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးသော ဘာသာရပ်များကို လက်တွေ့အသုံးချရေး၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရေး၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ နားလည်းသဘောပေါက်စေရေး၊ ဒါ့အပြင်အခြားဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းစေရေးတို့အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါအသင်တန်းသို့ တံတားဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ (၂၅-၁၀-၂၀၂၂)ရက်နေ့မှ (၂၈-၁၀-၂၀၂၂)ရက်နေ့အထိ (၄)ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသင်တန်းကို နေ့စဉ်နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
ရဲတင့်( ပြန်/ဆက်)