ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၈၈၉၂)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည်  အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိရေးကာကွယ်ဆေးများ အ ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ()နာရီခွဲက (၄၃၈၈၉၂) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပထမအကြိမ်တွင်(၂၁၁၂၉၂)ဦး၊ ဒုတိယအကြိမ်တွင် (၁၉၀၂၉၃)ဦး၊ တတိယအကြိမ်တွင်(၃၄၂၅၂)ဦးနှင့် စတုတ္ထအကြိမ်တွင် (၃၀၅၅)ဦး စုစုပေါင်း (၄၃၈၈၉၂)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာ ရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်တွင် ပြည်သူများလာရောက် ထိုးနှံရေးဆော်ဪ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)