ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲသို့တက်ရောက်

ဆီဆိုင် အောက်တိုဘာ ၂၅

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးက ဤသင်တန်းကို ၂၅-၁၀-၂၀၂၂ ရက်နေ့မှ ၂၄-၂-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်(၁၈)ပတ်ကြာ သင်ကြားပေးပြီး ၂၇-၂-၂၀၂၃ ရက်နေ့မှ ၂၄-၃-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်အတွင်း ဒေသအတွင်းရှိ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ဝင်ငွေရရှိစေရန်နှင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်အတွင်း ဝင်ရာက်လုပ်ကိုင်နိုင်သည်အထိ ထပ်မံလေ့ကျင့်သင်ကြား  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြာင်း၊ သင်တန်းသူများ အခက်အခဲမရှိကိုယ်တိုင် သင်ကြားနိုင်စေရန် ကျောင်းအိပ်၊ ကျောင်းစားစရိတ် ငြိမ်းဖြင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို လည်း အစုံအလင်ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့သင်ကြားပေးမည့်အပြင် နယ်ဝေးသင်တန်းသူ များကိုလည်း အသွား/အပြန် ခရီးစရတ်များထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သင်တန်းဆင်း သည့်အခါတွင်လည်း သင်တန်းတွင် ထူးချွန်သည့်သင်တန်းသူကို အပ်ချုပ်စက် တစ်စုံ ဆုချီးမြှင့် ထောက်ပံလျက်ရှိကြောင်း၊ သင်တန်းတွင် အချုပ်အလုပ်သင်တန်းအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရမည့်အပိုင်းများ၊ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ ပြည်ထောင်စု စိတ်ဓါတ်ဘာသာရပ်များ၊ အတွေ့အကြုံ ဗဟုသုတရရှိစေရန်၊ မိမိကိုယ်ကို ကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် လူကုန်ကူးမှု တားဆီးရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦးပြုစုနည်း အခြေခံသင်တန်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောမှုများကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ဝေဝေခိုင်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီး  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေး၊ ဇနီးနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ဇနီးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ဝေဝေခိုင်နှင့်ဆရာ/ ဆရာမများ၊ ပါလောပါကယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းသူ(၃၅)ဦး၊ စုစုပေါင်းအင်အား(၇၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းအား ၂၅-၁၀-၂၀၂၂ ရက်နေ့မှ ၂၄-၃-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)