ပိုင်ကျုံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ (၄)လနှင့်အထက်ရှိသူများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose များထိုးနှံပေးခဲ့သည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် အပတ်စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး