တန့်ယန်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေရာ နားဟုတ်ကျေးရွာအုပ်စု လွယ်ပန်ကျေးရွာအတွင်း၌ ကွန်ကရစ်လမ်းခင်းပေးနေလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နားဟုတ်ကျေးရွာအုပ်စု၊ လွယ်ပန်ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရ၏ VDP ရန်ပုံငွေမှ ငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် သိန်း( ၅၀ ဒဿမ ၇၀)စုစုပေါင်း ငွေကျပ်သိန်း (၁၅၀ ဒဿမ ၇၀)ဖြင့် လမ်းအရှည် (၇၈၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိသည့်လမ်းကို ဆောင်ရွက်ပေးနေရာ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းများက လမ်းအရည်အသွေး စံနှုန်းကောင်းမွန်စေရန် အနီးကပ်ကြီးကြပ်လျက်ရှိသည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက အိမ်ထောင်စု(၅၅၀)လူဦးရေ (၃၈၀၀)ခန့်အား အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ကျေးလက်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)