ပုဗ္ဗသီရိ အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ကလေးအလုပ် သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ကလေးအလုပ်သမား ပပျောက်ရေးကဘာကြောင့် အရေးကြီးတာလဲ၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့ အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားများလျော့ချဖို့ ဆောင်ရွက်သင့်တဲ့နည်းလမ်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် မိဘပြည်သူများလိုက်နာရမည့် အချက်များအကြောင်းကို ဆွေးနွေးခဲ့ကြ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)