ကျောက်ဆည်မြို့နယ်တွင်(၄၃၈၁၇၂)ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်

ကျောက်ဆည်  အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက (၄၃၈၁၇၂)ဦး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံရာတွင် ပထမအကြိမ်တွင်(၂၁၁၂၉၂)ဦး၊ ဒုတိယအကြိမ်တွင်(၁၉၀၂၉၃)ဦး၊ တတိယအကြိမ်တွင်(၃၃၅၉၂)ဦးနှင့် စတုတ္ထအကြိမ်တွင်(၂၉၉၅)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးရေး ကော်မတီ ထံမှ သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာ ရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်း၍  ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်တွင် ပြည်သူများ လာရောက်ထိုးနှံရေး ဆော်ဪခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)