ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြင်ဦးလွင်   အောက်တိုဘာ ၂၀

ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြင်ဦးလွင်မြို့မစျေးကြီးလမ်းဆုံ လူစည်ကားရာ​နေရာများသို့သွား ရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ပထမ (၅)နှစ် စီမံချက်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်း ချက် (၃)ရပ်၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှတ်တမ်းဓာတ်ပုံများနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား ပြည်သူများ သိရှိနားလည်စေရေး ဖော်ပြထားကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]