ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉) နာရီခွဲက စာဖတ်ရှိန်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေး အခေါ်များပိုမိုရရှိစေရေး၊ စာကြည့် တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယာဉ်ကျေးလိမ္မာပြီး ထူး ချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်အတွက် ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊ စာပေများဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး ဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချသည့်အနေဖြင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် မိမိတို့ ဖတ်ရှုလေ့လာလိုသည့် စာအုပ်များအခမဲ့ လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြော ပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျေုာင်းမှအလယ် တန်းအဆင့် ကျောင်သား/ကျောင်သူ(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်  ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထား သည့် စာအုပ်၊ စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်