မဟာအောင်မြေ အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ မင်္ဂလာဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်ရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်ထားသည့်ပစ္စည်းကိရိယာများအား စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်ထားသည့်ပစ္စည်းကိရိယာများအား စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများ၊ ထင်းမီး၊ ဂက်စ်အိုး၊ လျှပ်စစ်မီးသုံးစွဲရာ၌ စနစ်တကျသုံးစွဲနိုင်ရေး၊ ဆွေးမြေ့နေသော လျှပ်စစ်မီးကြိုးများ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လိုအပ်တဲ့စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် စစ်ဆေးအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း