ကာလိ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်တွင်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာလိမြို့ အတွင်းရှိ ဆီဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ စက်သုံးဆီသိုလှောင်မှုများ၊ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများ ဆောင်ရွက်ထားရှိခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားသည့် မီးကြိုးများကြံ့ခိုင်မှုအားစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိသည့်ကန်များစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အလေး ထားဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်တို့ကို စစ်ဆေးခြင်းနှင့် အကြုံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းဆိုင်ရာ သရုပ်ပြမှုကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)