လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

လိပ်သို အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် ၁၁ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးရန်နှင့် ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျောင်းသား/ကျောင်းသူလူငယ်များ သိသင့်သိထိုက်သည့်  အထွေထွေဗဟုသုတများကို ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့သည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (Mask) များနှင့် မုန့်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)