မိုးနဲမြို့နယ်၌ စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

မိုးနဲ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် ရဲစခန်းမှူးရုံးများသို့ သွားရောက် ၍ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စာအုပ်/စာပေ ဖတ်ရှုလိုက်ခြင်း ကြောင့် အသိတခုခုရရှိသွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြတ် လာစေရန်၊ ဖုန်းအသုံးပြုမည့်အစား အားလပ်သောအချိန်ကို စာအုပ်/စာပေ ဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မငှားရမ်းနိုင်‌သော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များအနေဖြင့် အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဝတ္ထု၊ မဂ္ဂဇင်းနှင့် တေဇရုပ်ပြ စာအုပ်များကို လူကြီးလူငယ်မရွေး ဖတ်ရှုနိုင်စေရန် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း ရသည်။

အဆိုပါ စာအုပ်/စာစောင် ကွင်းဆင်းငှားရမ်းပေးခြင်းကို လစဉ် တပါတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဌာနဆိုင်ရာရုံးနှင့် ကျောင်းများသို့ လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)