မိုင်းရယ်၌ မြို့နယ်သံဃာ့ဆေးရုံ ရေစက်ချလှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းရယ် အောက်တိုဘာ ၁၉

မန္တလေးမြို့မှ အလှူရှင် ဒေါ်နန်းလှခင် မိသားစုက ဆောက်လုပ်လှူဒါန်းသည့် မြို့နယ်သံဃာ့ဆေးရုံ ရေစက်ချလှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံမျက်နှာချင်းဆိုင်ရှိ အဆိုပါအဆောက်အဦးရှေ့တွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂန္ဓမာလာ၊ လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီရိထွန်း၊ အလှူရှင် ဒေါ်နန်းလှခင်တို့မှ မြို့နယ်သံဃာ့ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများက မြို့နယ်သံဃာ့ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကြပြီး ရှမ်းရိုးရာတိုးနယား/ကိန္နရီအကများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်သံဃာ့ဆေးရုံအဆောက်အဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အလှူရှင်ဒေါ်နန်းလှခင် မိသားစုမှတန်ဘိုးငွေကျပ် ၁၅၅၀၀၀၀၀ဝိ/ဖြင့် ပန္နက်ရိုက် ဆောက်လုပ်ခဲ့ပြီး သံဃာ ၇ ပါးဆံ့ (RC) တစ်ထပ် အဆောက်အဦးအမျိုးအစားဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)