ကျောက်တလုံးကြီး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club) အဖွဲ့ဝင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ မောင်ကျေးဇူး၏ လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ (Book Club) အဖွဲ့ဝင်များနှင့် Youth Club)အဖွဲ့ဝင်များတို့က စာရေးဆရာ မောင်ကျေးဇူး ရေးသားသော လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်ပါ အကြောင်းအရာများအနက် မိမိတို့ကြိုက်နှစ်သက်သော ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေချစ်သူများက ၎င်းတို့၏ ထင်မြင်ယူဆချက်များနှင့် မိမိတို့သိရှိနားလည်ထားသော ဗဟုသုတများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)