မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် စာဖတ်ဝိုင်းပြုလုပ်

မိုင်းငေါ့ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မောင်းမိုးယံရေးသားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် စာပေအကြောင်းအရာများကို နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်‌ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (Youth Club) လူငယ်အသင်းမှ နန်းစံခမ်းက လူငယ်နှင့်ဘဝအရင်းအနှီး၊ မောင်ငြိမ်းစည်သူက လူငယ်နှင့်ဆေးလိပ်အန္တရာယ်၊ မောင်ဝေလင်းပိုင်က လူငယ်နှင့်လူမှုဆက်ဆံရေး၊ မလျှမ်းဆိုင်က သမီးအတွက် ထီးတစ်လက်၊ မောင်အောင်ဇောင်ဦးက လူငယ်နှင့်ကျော်ကြားမှု စသည့်ခေါင်းစဉ်အသီးသီးတို့ကိုဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁)ကြိမ်ပြု လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)