ဟားခါးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟားခါး စက်တင်ဘာ ၁၆

ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့နံနက် နာရီက ဟားခါးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မဲစာရင်းပုံစံများ အသုံးပြုခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း (မသန်စွမ်းများအပါအဝင်)၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း (ပို့/ပြ)နှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများအကြောင်း ဆွေးနွေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်နှင့် ရပ်/ကျေး ကော်မရှင်ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး၏ အခန်းကဏ္ဍများကို  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး  ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အဆိုပါသင်တန်းကို ရက်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း (ပြန်/ဆက်)