ထန်တလန်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထန်တလန် စက်တင်ဘာ ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ထန်တလန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ်က အဖွင့်အမှာစကား​ပြောကြားရာတွင်  ကလေးသူငယ် များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိအောင် ကာကွယ်​စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီ အနေဖြင့် တက်ကြွစွာ ဆောင်ရွက်ကြရန်၊ ကလေးများ၏ ကာကွယ်စောင့်ရှောက်မှုများကို ပေးခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ကြပြီး တိုင်းပြည်၏အကျိုးပြုနိုင်မည့်သူများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ကလေးများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် အကျင့်စာရိတ္တပြုပြင် ကောင်းမွန်နိုင်ရေးများကိုလည်း ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကော်မတီများအနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ခင်​အေးသက်က ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော က​လေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)