မင်းတပ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မင်းတပ် စက်တင်ဘာ ၁၆

မင်းတပ်မြို့မစျေးနှင့် ပျံကျစျေးအတွင်းရှိ စျေးရောင်း စျေးဝယ်ပြည်သူများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းတပ်ခရိုင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံ ဦးမိုးအောင်ထွေးက "ဒီနေ့ စက်တင်ဘာလ (၁၆)ရက်နေ့က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်တယ်၊ ကမ္ဘာမြေကြီးနဲ့ သက်ရှိတွေအပေါ်မှာ အိုဇုန်းလွှာက ဘယ်လိုအကျိုးပြုတယ်ဆိုတာနဲ့ အိုဇုန်းလွှာပျက်စီးမှုကို ကာကွယ်နိုင်မဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာဖြစ်ပါတယ်" ဟု ပြောကြားသည်။

ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ "၃၅ နှစ်တာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုဇုန်းလွှာကအကျိုးပြု" အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ ပညာပေးလက်ကမ်း စာစောင်(၅၀၀)နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)