မတူပီမြို့၌ အထွေထွေ ရွေကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မတူပီ  စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ မတူပီမြို့တွင်  ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပို့ချခြင်းကို ယနေ့ နံနက် နာရီက မတူပီမြို့ ဘုံတလာ ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးလျန်ထန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်း သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ()ဦးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်  အသိပညာပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်များ၊ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်/ရှောင်ရန် အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း (မသန်းစွမ်းသူများအပါ)၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း(ပို့ပြ)နှင့် ရလဒ်များ ထုတ်ပြန် ကြေညာခြင်း စသည့် သင်ခန်းစာများကို စက်တင်ဘာ(၁၅)ရက်မှ (၁၆)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန် ထားသည့် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြားပို့ချ လျက်ရှိပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး စုစုပေါင်း (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)