ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ရေဇွာ စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက် ခဲ့​ကြသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံကြရာတွင် ကလေးများနှင့် မိဘအုပ်ထိန်းသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ နှာခေါင်းစည်း(Mask)များ တပ်ဆင်စေခြင်း၊ ရုံးဝင်ပေါက်များတွင် လက်ဆေးခိုင်းခြင်း၊ Hand Gel များဖြင့် လက်ဆေးစေခြင်းနှင့် လူတစ်ဦးနှင့်တစဦး ၆ ပေအကွာမှ နေထိုင်စေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေး လျက်ရှိသည်။

ထို့နောက် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ်လိုက် အသည်းရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်တီဘီ ကာကွယ်ဆေး၊ ပြင်းထန်းဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေး လုပ်ငန်းများ လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)