ရမည်းသင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ရမည်းသင်းခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသရေးကော်မတီ အစီစဉ်ဖြင့် နှာခေါင်းစည်း mask Campaign အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့မဈေးကြီး လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လေ့လာရေးရောက်ရှိနေသည့် ဆေးကျောင်းသား၊ကျောင်သူများမှ မြို့မဈေးကြီးအတွင်း/အပြင်ကို အဖွဲ့များခွဲ၍ ပြည်သူများနေ အိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း mask များမဖြစ်မနေတပ်ဆင်စေရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် Mark(၅၀၀၀)ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ Mask Campaign ကိုရမည်းသင်းမြို့ အဝင်စစ်ဆေးဂိတ်၌ ခရီးသွားပြည်သူများအား Mark(၂၀၀၀)နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)