မန္တလေး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (မူလွန်) ၂၀ တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ အ.မ.က(မူလွန်) ၂၀ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းနွယ်မှ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဖြစ်စဉ်များအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသမီးများ တွေ့ကြုံရတတ်သော လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊ အ.မ.က(မူလွန်) ၂၀ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းလေး (ပြန်/ဆက်)