ပလက်ဝမြို့ရှိ ပျံကျစျေးနှင့် စျေးဆိုင်များအား ရောင်းချချိန် တိုးမြှင့်ခွင့်ပြု

ပလက်ဝ စက်တင်ဘာ ၁၅

ပလက်ဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစျေးနှင့် အိမ်ဆိုင်များအား သြဂုတ်လ(၂၄) ရက်နေ့မှစ၍ ရောင်းချခွင့် ယာယီပိတ်ထားပြီး မြို့မပျံကျစျေးအား အချိန်အကန့် အသတ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်လောဟာ က " ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သြဂုတ်လ(၂၄)ရက်နေ့ကနေစပြီး ပလက်ဝမြို့ ပျံကျစျေးဖွင့်ချိန်ကို နံနက်(၇)နာရီကနေ နေ့လည်(၁၀)နာရီအထိ သတ်မှတ်ခဲ့ကြပါတယ်၊ အခု စက်တင်ဘာလ (၁၄) ရက်နေ့ကနေစပြီး မြို့မစျေး၊ အိမ်ဆိုင်တွေနဲ့ မြို့မပျံကျစျေးဖွင့်ချိန်ကို နံနက်(၇)နာရီကနေ မွန်းလွဲ(၁)နာရီ အထိ စျေးဖွင့်ချိန် ဖြေလျော့ခွင့်ပြုခဲ့ပါတယ်" ဟုပြောကြားသည်။

ပလက်ဝမြို့စည်ပင်ဧရိယာအတွင်းရှိ စျေးဆိုင်များအနေဖြင့် သတ်မှတ်စည်းကမ်း များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရှောင်တစ်ခင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောင်ကျော်(ပြန်/ဆက်)