ရေဇွာ စက်တင်ဘာ ၁၅
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးကာကွယ် နိုင်ရေးအတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် လူငယ်များပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူငယ်များပူးပေါင်းပြီး ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အားလုံး စက်တင်ဘာလ (၁၄)ရက်နေ့ မှစတင်ပြီး နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာမရခင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုကြရန်၊ ရောင်းသူ၊ဝယ်သူများအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း၊ လက်အိပ်များ ဝတ်ဆင် ရောင်းချကြရန်နှင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းများ တွေ့ရှိပါက ရောင်းချသူနှင့် စားသုံးသူများ အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့မှ ပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)