ချီဖွေ စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.ကကျောင်း၌ ကိုဗစ်-၁၉ ဖြစ်ပွားရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံပြည်သူများအား (Quarantine Centre) ထားရှိရန်အတွက် နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝင်းစိုးစံ၊ မြို့နယ် လ/ထ ကျန်းမာရေးမှူး ဦးအောင်လင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်စာရေးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားရာ ပြည်နယ်/တိုင်းဒေသကြီး၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာမည့် ဒေသခံပြည်သူများအား (Quarantine Centre) ဝင်ရောက်ရာတွင် နေထိုင်မည့် အခန်းများ၊ အိပ်ယာများ၊ သန့်စင်ခန်းများ၊ လျှပ်စစ်မီးနှင့် သုံးရေသောက်ရေများ ကောင်းမွန်မှုရှိအောင် စနစ်တကျပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)