မတူပီမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

မတူပီ    စက်တင်ဘာလ     ၁၄

ချင်းပြည်နယ်၊ မတူပီမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလျန်ထန်းက အမှာစကား ပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်က ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၂)ရက် ဖွင့်လှစ်မည်ဖြစ်ပြီး ရေဇွာမြို့တွင် လည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)