တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ(၂၈)ဦး Facility Quarantine ထားရှိဆောင်ရွက်

တီးတိန် စက်တင်ဘာ ၁၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ (၂၈)ဦးတို့သည် ယခုလတ်တလောအချိန်တွင် သတ်မှတ်ထားသည့် Facility Quarantine Centre နေရာများတွင် စောင့်ကြပ်ကြည့်ရှုခြင်း ခံယူလျက် ရှိကြကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်သူတို့သည် အိန္ဒိိယနိုင်ငံမှ ပြန်လာသူ အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၁)ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၄)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသမီး(၁)ဦး၊ ရန်ကုန် (လှိုင်သာယာ)မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ဇီးပင်ကြီးမှ အမျိုးသား(၁)ဦးနှင့် မိတ္ထီလာမှ အမျိုးသား (၁)ဦး၊ စုစုပေါင်း အမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ဖြစ်သည်။

ထိုသို့ စောင့်ကြပ်ကြည့်ရှုခြင်း ခံယူရာတွင် တီးတိန်မြို့ အစိုးရနည်းပညာ သင်တန်းကျောင်း Facility Quarantine Centre ၌ (၁၈)ဦး၊ ပန်းဆပ်ကျေးရွာတွင်း အိမ်အလွတ်၌ (၁)ဦး၊ ဟေလေး ကျေးရွာအတွင်း အိမ်အလွတ်၌ (၁)ဦး၊ ခိုင်ကမ်းမြို့ Facility Quarantine Centre ၌ (၁)ဦး၊ မွာလ်လုမ်းကျေးရွာတွင်း အိမ်အလွတ်၌(၃)ဦး၊ လန်ဇန်ကျေးရွာအတွင်း အိမ်အလွတ်၌ (၂)ဦးနှင့် ဒိမ်ပီး(အလက) ဝန်ထမ်းအိမ်ရာ၌ (၂)ဦးတို့အား အသီးသီးစောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)