တွန်းဇံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

တွန်းဇံ   စက်တင်ဘာ  ၁၄

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် နာရီအချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို တွန်းဇံမြို့ပေါ်အတွင်း လှည့်လည်ဆောင်ရွက် ပေးလျက်ရှိသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိသည်

တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)