တံတား မတ် ၁၃
၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တံတားမြို့ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
တံတားမြို့တွင် တံတားအ.ထ.က စာစစ်ဌာန(၁) ခုထဲရှိပြီး ကျောင်းတွင်းဖြေဆိုသူ (၂၆၁)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ (၁၅၁) ဦး ရှိပြီး တစ်မြို့နယ်လုံး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀၁) ဦး ရှိကြောင်း စာစစ်ဌာနကြီးကြပ်ရေးမှူး ဒေါ်အေးအေးမူထံမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကိုခိုင်ဇော်လင်း (မေတ္တာသင်္ဂဟလူငယ်ပရဟိတသွေးလှူရှင်များအဖွဲ့)+မသဲနုစိုး (သား) မောင်ခိုင်ခန့်ကျော် (မိသားစု)နှင့် POWER JUNIOR EDUCATION CERTER မိသားစုတို့မှ စုပေါင်း၍ အအေးဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (တံတား)