မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မတူပီ            စက်တင်ဘာ             ၁၄

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး  အခြားဒေသများမှ ဝင်ရောက်လာသူများအားလုံးကို အသွားအလာ ကန့်သတ်ထားရှိများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ် လမ်းဆုံရှိ ဂိတ်၊ မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါးလမ်းရှိ ဖနိုင်ကျေးရွာ အဝင်ဂိတ် များတွင် နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် စစ်ဆေးခြင်း လုပ်ငန်းများကို   မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများမှ ဦးဆောင် ဆောင်ရွက်နေကြောင်း သိရသည်။

မတူပီမြို့ဖနိုင်ကျေးရွာ အဝင်ဂိတ်ရှိ တာဝန်ရှိ လူငယ်အဖွဲ့က “ကျွန်တော်တို့ မတူပီမြိုနယ် ဖနိုင် ကျေးရွာဟာ မတူပီ−ဟားခါးလမ်း ပေါ်မှာ ရှိတဲ့အတွက်  အခုလိုဂိတ်မှာ  ကျန်းမာရေးနှင့် ခရီးသွားရာဇဝင် စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ကျွန်တော်တို့နှင့် ပူးပေါင်းပြီး ဘယ်ဒေသကနေလာခဲ့တယ်ဆိုတာ အမှန်တိုင်း ပြောပေးစေချင်ပါတယ်။ ကိုယ်လာရောက်ရာ ဒေသ ခရီးသွားထောက်ခံစာများ မှန်ကန်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် စစ်ဆေးတဲ့နေရာမှာ အချိန်နှောင့်နှေး ကြန့်ကြာမှုတွင် လျော့နည်းသွာနိုင်ပါတယ်” ဟုပြောကြားသည်။

ထိုသို့ဆောင်ရွက်မှု များတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၊ မတူပီမြို့ရှိ လူမှုအဖွဲ့အစည်းများ လူငယ်အဖွဲ့များ၊ ကျန်းမာရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)