မတူပီမြို့၊ တင်လောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မတူပီ   စက်တင်ဘာ    ၁၄

ချင်းပြည်နယ်၊ မတူပီမြို့၊ အောက်လားကျေးရွာအုပ်စု၊ တင်လောင်းကျေးရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်−၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများကို ကိုယ်တိုင်ဆောင်ရွက်စေခြင်းဖြင့် ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေရန်နှင့် ကျေးရွာသူ ကျေးရွာသားများဝင် ငွေရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင် ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ    Cash   For   Work     စီမံကိန်းဖြင့် ဆောင်ရွက်နေသည့်    အောက်လား ကျေးရွာအုပ်စု၊ တင်လောင်း ကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းများပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ Cash For Work စီမံကိန်းဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်နေသော   ကျေးရွာအတွင်းရှိ ရေသယ်ယူလမ်း/ရေခပ်လမ်း လမ်းအကျယ် ၄ ပေ (၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများကို ၁၂ရက်နေ့  တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့်  ကျေးရွာ ကော်မတီဝင်များ ပူးပေါင်း၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ထောင်စု(၃၂) အိမ်ထောင်စုအား အကျိုးပြုကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)