ဒေါ့ဖုန်းယန် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ပြည်သူ့ စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုနှုန်း များပြားနေချိန်အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများအတွက် စာအုပ်မိတ်ဆက်ခြင်းနှင့် ဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်း မှတစ်ဆင့် လွှင့်တင် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းပေါ် လွှင့်တင်နိုင်ရေးအတွက် သုတစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့သည်။
ရိုက်ကူးရေး အစီအစဉ်တွင် စာပေချစ်သူ ဆရာမဘောက်ပန် (အခြေခံပညာရေးဦးစီးဌာန)က စာရေးဆရာ လူထုစိန်ဝင်း၏ “လူကြီးနှင့်လူငယ်ကွာဟမှု” စာအုပ်ပါ ခေါင်းစဉ်(၃၅)ခုထဲမှ အမှတ်စဉ် (၁၃) “လူကြီးလူငယ်ကွာဟမှု” ခေါင်းစဉ်ပါ အသက်အရွယ်လိုက်ပြီး ပြောင်းလဲတတ်ပုံ၊ တစ်ယူသန်စိတ်မျိုး မထားရှိကြေစေရန် လူငယ်သဘာဝ အပျော်ကို နှစ်သက်တာ၊ စိတ်လွတ်လပ်စွာ နေထိုင်ချင်ကြတာကို လူကြီးတွေအနေနှင့် အပြစ်မမြင်ကြစေရန် လူကြီးတိုင်းလဲ ခေတ်မီနေတာ မဟုတ် လူငယ်တွေ ရဲရင့်မှုရှိတာကို ရမ်းကားတာလို့ မမှတ်စေလိုကြောင်းစသည့် ကိုယ်ကျိုးကို မကြည့်ပဲ အများကောင်းကျိုးကိုသာ လုပ်ကိုင် ဆောင်ရွက်တတ်စေရန် စသည့်အချက်များဖြင့် မိတ်ဆက်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ရိုက်ကူးရေးအစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ရိုက်ကူးပြီး ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်များကို ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် “ဒေါ့ဖုန်းယန်မြို့ရုံး ပြည်သူ့စာကြည့်တိုက်” Pageတွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )