ထန်တလန်မြို့ မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) (၃၀၀)ခုအခမဲ့ဖြန့်ဝေ

ထန်တလန်  စက်တင်ဘာ  ၁၄

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန် မြို့မရဲစခန်း ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်တို့ ဦဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ (၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို   ယ နေ့ နံနက် ၉ နာရီတွင် လူစည်ကား​နေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင်  ထန်တလန်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ ဝင်တို့ပူးပေါင်း၍ စျေးရောင်း​ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများ၊ တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား  နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန် နှာခေါင်းစည်းတစ်ခုကို အကြိမ်ကြိမ် အသုံးမပြု မိစေရေး အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြရန်  လိုက်လံနှိုးဆော် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)