ရှင်ဗွေယန်မြို့တွင် (Quarantine Center) ထားရှိရန်အတွက် စု​ပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှင်ဗွေယန်  စက်တင်ဘာ  ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင်  အခြားမြို့/ရွာများမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူ များအား (Quarantine Center) ထားရှိရန်အတွက် ရှင်ဗွေယန်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းဝင်းအတွင်းရှိ ယောဂီအဆောင်ကို ယမန်နေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်အောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူထက်နှင့် ရဲတပ်ဖွဲ့များ၊ နယ်မြေမီးသတ်စခန်း တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းမင်းဇော်နှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေမှူးများ စုပေါင်း၍ (Quarantine Center)ထားရှိရန်အတွက် ယောဂီများနားနေဆောင်ကို စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။​

လင်းသွယ်ဦး(ပြန်/ဆက်)