တနိုင်းမြို့နယ်အဝင်လုံခြုံရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

တနိုင်း  စက်တင်ဘာ ၁၄ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ  ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့သည်။

တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်း အသီးသီးမှကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်နေမှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့်အဖွဲ့ တို့သည် မြို့အဝင်စစ် ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများအား လိုအပ်ချက်မရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများအား တနိုင်းမြို့နယ် ပြည်သူလူထုကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း မြိုနယ်အဆင့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌမှ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)