မံစီ စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက် (ဗန်းမော်-နမ့်ခမ်း ကားလမ်းဘေး) အလောင်းဘုရားလမ်းထိပ် မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်တရားရုံး လမ်းထောင့်နေရာတွင် ယမန်နေ့ ည(၇)နာရီ (၃၅)မိနစ်ခန့်တွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲသံကြားရာသို့ မံစီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်၊ မြို့နယ်ရဲမှူး ရဲမှူး ခင်မောင်ချိုနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ သွားရောက်ကြည့်ရှုရာ အခင်းဖြစ်ပွားသည့် နေရာ၌ အသံမိုင်း (ပလပ်စတစ်-လက်လုပ်မိုင်း) ဖြစ်နေကြောင်း တွေ့ရှိရပြီး လူနှင့်တိရစ္ဆာန်များ အပါအဝင် အခြားထိခိုက်ပျက်စီးမှုများ မရှိပါကြောင်းနှင့် နယ်မြေခံတပ်ရင်းမှ အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်ထွန်း