ဆွမ်ပရာဘွမ်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်သို့အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များ ဖြစ်သည့် ဒေသန္တရအမိန့် အမှတ်(၈/၂၀၂၀)အရ အများပြည်သူများ အရေးကြီးအကြောင်း ကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ လိုအပ်ချက်အရ ထွက်ခွာမည်ဆိုပါက Mask တပ်ဆင်ပြီး ထွက်ကြရန်၊ လက်မကြာခဏဆေးကြရန်၊ လူတစ်ဦးနှင့်တစ်ဦး (၆) ပေစီခြားနေကြရန်၊ ဈေးရောင်း/ဈေးဝယ်များ Mask၊ Face Shield များ တပ်ကြရန်၊ လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများကျင်းပခြင်း မပြုလုပ်ရန်၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန်အမှတ် (၁၀၁/၂၀၂၀)နှင့်အညီ ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန် ခန်းခြင်း စသည်လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူသွားရန်၊ ပြည်ပနိုင်ငံများနှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိ လာသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူ၍ မြို့နယ်ပြည်သူ့ဆေးရုံးနှင့် သတ်မှတ်ထား သောနေရာများတွင် (Facility Quarantine) (၁၄) ရက်ကိုလည်ကောင်း၊ (Home Quarantine) (၇) ရက်စောင့်ကြည့်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက် (၃)သို့ လှည့်လည် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်ပညာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင် ရွက်ခဲ့သည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)