မဟာအောင်မြေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose(Covield Shield)ဒုတိယအကြိမ်ထိုးနှံပြီးသူများအား sinovac ထိုးနှံပေး

မဟာအောင်မြေ ဩဂုတ်  ၁၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရပ်ကွက်‌နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး sinovac အား ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေပြင်ပကလေးများအား sinopharn ထိုးနှံပေးပြီး အသက်(၁၂)နှစ်မှ(၁၇)နှစ်အထိ ကျောင်းနေပြင်ပကလေးများအား  sinovac ထိုးနှံပေးပြီး (၁၈)နှစ်အထက် အများပြည်သူ များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများအား Covid Shield၊ sputnik lightနှင့် Astrazeneca ဒုတိယအကြိမ် ထိုးနှံပြီးစီးသူများအား sinovac ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ Booster Dose(Covid Shield)၊ sputnik lightနှင့် Astrazeneca ဒုတိယအကြိမ်  ထိုးနှံပြီးသော ရပ်ကွက်‌နေပြည်သူများနှင့် ဌာနဆိုင်ဝန်ထမ်းများအား ကာကွယ်ဆေးကို ရာနှုန်းပြည့်ပြီးစီးရေး ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း